Home

maripmaigrace.blogspot.com kaw na kabu gara let hkap tau la ga ai. အားလုံးကို လိုက်လိုက်လဲလဲဖြင့်ကြိုဆိုပါ၏။ welcome everyone by pleasure...

Sunday, June 12, 2011

ထာဝရဘုရားသာ ကိုးစားရာ


Sara Seng Du
ထာဝရဘုရားသာ ကိုးစားရာ

( ယာ - ၁း ၁၉ - ၂၇ )

ယုံကြည်ခြင်း နည်းပါးသော သူတို့ ၊ ဂါတရပြည်သို့သွားသည့် အချိန်တွင် ယေရှုခရစ်တော် သူ့ရဲ့တပည့်တော်တွေကို ပြောသောစကား ဖြစ်တယ်။ သူ့တပည့်တွေဟာ လေမုန်တိုင်းထန်လို့ သေလို့မတတ် ခံစားနေသည့်အချိန်မှာ ခရစ်တော်ဟာ အိပ်ပျော်နေပါတယ်။ ဒါကြောင့် တပည့်တို့ဟာ စိုးရိမ်လို့ ထအော်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သခင်ယေရှုဟာ ထ၍ လေမုန်တိုင်းကို ငြိမ်စေခဲ့ပါတယ်။ 

Sunday, June 5, 2011

ကလေးများနေ့

တရားဒေသနာ - ဆရာကြီးဆိုင်းဒူ

ဧဖက်ဩဝါဒစာ - ၆း ၎

အဘတို့ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့် အညီဆုံးမ သွန်သင်ခြင်းကို ပြုလျက် ကျွေးမွေးကြလော့။


သခင်ခရစ်တော်ဟာ ကလေးသူငယ်များကို ချစ်ပါတယ်၊ ကလေးဆိုတာဟာ အနာဂါတ်ရဲ့ အလင်းရောင် လဲဖြစ် တယ်ဆိုတာကို လူတိုင်းလက်ခံနိုင်ဖို့လိုတယ်။ 

ကလေးများနေ့ဖြစ်ပေါ်လာတာဟာ ၁၈၈၃ ခုနှစ် အမေရိက နိုင်ငံမှာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ 

၂၀၊ ၁၁၊ ၁၉၅၉ ခုနှစ်မှာ UNHCR ကနေ တရားဝင်ကြေငြာခဲ့ပါတယ်။ ဒါကြောင့် ဇွန်လ ရဲ့ဒုတိယ အပတ်မှာ ကမ္ဘာ့ ကလေးများနေ့ ဆိုပြီးဖြစ်ပေါ်လာ ခဲ့ပါတယ်။ 

UNHCR ရဲ့ ပြဌာန်းချက် ( ၁၀ ) ခုလဲ တစ်ခါတည်း ချမှတ်လိုက်ပါတယ်၊ ကလေးသူငယ်များ အားလုံးအတွက် ဖြစ်ပါတယ်။ 

၁။ ကလေးသူငယ်များအားလုံး သနားကြင်နာမှု ခံစားနိုင်ရန်။
၂။ ကလေးသူငယ်များအားလုံး အာဟာရ လုံလောက်စွာ ရရှိနိုင်ရန်။
၃။ ကလေးသူငယ်များအားလုံး ကိုယ့်မျိုးရိုးကို ဆက်ခံနိုင်ခွင့်ရှိရန်။
၎။ ကလေးသူငယ်များအားလုံး အခမဲ့ ပညာသင်ကြားနိုင်ခွင့် ရှိရန်။
၅။ ကလေးသူငယ်များအားလုံး နားနေချိန်နှင့် ပျော်ရွှင်စွာ အသက်ရှင်ခွင့် ရရှိရန်။
၆။ ကလေးသူငယ်များအားလုံး ၏ စွမ်းရည်တွေကို ဖော်ထုတ်ပေးရန်။
၇။ အခက်အခဲ ကြုံနေသော အခါ အမြန်ဆုံးအကူ အညီပေးရန်။
၈။ ကလေးဒုက္ခိသ များကို ကူညီရန်။
၉။ ကလေးသူငယ်များကို လူမျိုး ၊ ဘာသာ မခွဲခြားရန်။
၁၀။ ကလေးသူငယ်များကို ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးများနှင့် အဆက်အသွယ်ပေးရန်၊ တို့ဖြစ်ပါတယ်။
ဒါတွေအားလုံးဟာ ကလေးသူငယ်များ အားလုံးရဲ့ မဟာအခွင့်အရေး ဖြစ်ပါတယ်။
  
 The light of future

Friday, June 3, 2011

ဖြေ...

 မေး .. ဆိုတဲ့ဟာရဲ့ အဖြေတွေပါ.. အားလုံးကျေနပ်ဝမ်းသာ လိမ့်မယ်လို့မျော်လင့်ပါတယ်...

၁။ ဖြေ - ဖားကလေးဟာ ၂၈ ကြိမ်ပဲ ခုန်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ ၂၇ ကြိမ်ခုန်ပြီးရင် နောက်ထပ် ၃ ကြိမ်ခုန်စရာမလိုတော့ပါဘူး..။ ၂၈ ကြိမ်ဆိုတာနဲ့ ရေတွင်းရဲ့ဘောင်ကို ရောက်ရှိသွားပါပြီး…။ ကဲ ..အားလုံးပျော်ရွှင်လိမ့်မယ်လို့ ယုံကြည်ပါတယ်…။

ရေး - Marip Seng Lat

၂။ ဖြေ - သူ့သားဟာ အမဲသား ဝယ်လာမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့သားရဲ့ အမည်မှာ ကြက်ဥ ဖြစ်၍ ဖြစ်ပါတယ်။

အားလုံးကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်..

ရေး - Marip Seng Lat

၃။ ဖြေ - ရေခဲသေတ္တာ တံခါးကိုဖွင့်၍ ထည့်မှာ ဖြစ်ပါတယ်..။

၎။ ဖြေ - အဲ့ဒီ ဆင်ကြီးကို ထုတ်လိုက်ပြီးမှ ထည့်မှာဖြစ်ပါတယ်…။

အားလုံး ပျော်ရွှင်ကြပါစေ…          
            
ရေး - Marip Seng Lat

၅။ ဖြေ - ဘယ်ဘက်မှ မလွင့်သွားပါဘူး… ဘာကြောင့်လဲဆိုတော့ မေသီလ ရှင်မှာ ဆံပင်မှ မရှိတာ.. ဟဲ..ဟဲ…
အားလုံး ပင်ပန်းတာတွေ ပျောက်သွားလိမ့်မယ်လို့ မျော်လင့်ပါတယ်..

ရေး - Marip Seng Lat

၆။ ဖြေ - ဘာမှလဲ မဟုတ်ပါဘူး.. အဲ့လောက်စဉ်းစားမနေပါနဲ့ .. နစ်တာနှင့် မြှုပ်တာဟာ အတူတူ ပါပဲ.. အဲ့ဒီကျောက်ခဲဟာ ရေထဲမှာပဲ မြှုပ်သွားပါတယ်..။

အားလုံးရွှင်လန်းကြပါစေ…

ရေး - Marip Seng Lat

၇။ ဖြေ - ၂၀ ကျပ် ပြန်အမ်းမှာဖြစ်ပါတယ်.. အောက်က ပုံကို ကြည့်ပြီးရင် သဘောပေါက်မယ်လို့ ထင်တယ်..
အားလုံးပျော်ရွှင်ကြပါစေ..

ရေး - Marip Seng Lat

၈။ ဖြေ - ရင်ခွင်ပိုက်လေးက “ဒိုင်း” လို့ အော်လိုက်တယ် ( လူတွေက ကိုယ့်လိပ်ပြာကို ကိုယ်မယုံရင် အသံသေးသေး ဘဲဖြစ်ပါစေ လန့်တတ်ကြပါတယ်)

၉။ ဖြေး - မွေးကင်းစ မှာ ဘယ်လိုလုပ် သွား ရှိအုံးမှာ လဲ.. ဟဲ..ဟဲ…

အားလုံးပျော်ရွှင်ကြပါစေ.... 

Thursday, June 2, 2011

မေး...

စိတ်ညစ်သောသူများ နှင့် ပျော်ရွှင်ချင်သောသူများ အတွက် စိတ်ပြေလက်ပြောက် စဉ်းစားပြီး အဖြေ ရှာကြရ အောင်...

 အောက်က မေးခွန်းတွေရဲ့ အဖြေတွေကို ဖြေ ဆိုတဲ့နေရာမှာ သွားကြည့်ရှုလို့ရပါတယ်...
အားလုံးပျော်ရွှင်ကြလိမ့်မယ်လို့ မျော်လင့်ပါတယ်...

၁။ မေး - ပေ ၃၀ နက်တဲ့ရေတွင်း တစ်တွင်းရှိတယ်.. အဲ့ဒီအထဲမှာ ဖားကလေး တစ်ကောင်လဲရှိနေပါတယ်။ ဖားကလေး ဟာ ရေတွင်း အပေါ်သို့တက်ချင်လို့ ခုန်ပါတယ်။ ဒါပေမယ့် တစ်ခါခုန်ရင် ၃ ပေ ခုန်နိုင်တယ်.. ဒါပေမယ့် ၂ ပေ ပြန်လျှောကျတယ်.. အဲ့ဒီလိုဆိုရင် ဖားကလေးဟာ ရေတွင်း အပေါ်သို့ ရောက်ရှိရန် ဘယ်နှစ်ကြိမ် ခုန်ဖို့ လိုပါသလဲ..?

ရေး - Marip Seng Lat

၂။ မေး - သားအမိနှစ်ယောက်ရှိပါတယ်..။ ဖခင်ဆုံးသွားတာကြာပြီဖြစ်၍ သူတို့သားအမိဟာ တစ်ယောက်နှင့် တစ်ယောက်အလွန်ချစ်ကြပါတယ်။ အမေဖြစ်သူက နေ့တိုင်းပဲ ဈေးသွားပြီး စားစရာ တွေဝယ်လာပြီး ချက်ပြုတ် စားသောက်ကြလေ့ ရှိပါတယ်။ ဒါပေမယ့် တစ်နေ့ကျတော့ သားဖြစ်သူက အစောကြီးထပြီး ဈေးသွားဖို့ပြင်ဆင်ပြီး အိမ်ပေါ်က ဆင်းသွားလိုက်တယ်ဆိုရင်ပဲ အမေဖြစ်သူက လှန်းအော်လိုက်ပါတယ်.. ဟဲ့..သား… ကြက်ဥ…အမဲသား..ဝယ်ခဲ့..ဆိုပြီးပြောလိုက်ပါတယ်.. သူ့သားဟာ ဘာဝယ်လာမှာ လဲ..?

ရေး - Marip Seng Lat

၃။ မေး - ရေခဲ သေတ္တာ တစ်လုံးထဲတွင် ဆင်ကြီးတစ်ကောင်ကို ဘယ်လိုထည့်မှာ လဲ..?
ရေး - Marip Seng Lat

၎။ မေး - နောက်ထပ်အဲ့ဒီ ဆင်ရှိတဲ့ ရေခဲသေတ္တာ ထဲတွင် ကြံ့ကြီး တစ်ကောင်ကို ဘယ်လိုပြန်ထည့်မှာ လဲ..?
ရေး - Marip Seng Lat

၅။ မေး - ဟော..အလွန်ပျော်စရာ ကောင်းပြီး အရမ်းလှပ တဲ့တောင်ကမူ တစ်ခုရှိပါတယ်.. အဲ့ဒီတောင်ကမူပေါ်မှာ မေသီလ ရှင်တစ်ပါး ဟာသွားထိုင်ပြီး စိတ်ကူးရောက်ရာအတိုင်း အရမ်းပျော်ရွှင်စွာ ထိုင်စဉ်းစားနေခဲ့တာ တစ်နာရီလောက်ရှိသွားပြီဖြစ်တယ်.. အဲ့ဒီအချိန်မှာ မမျော်လင့် ပဲနဲ့ လေညှင်းတိုက်ခတ်လာပါတယ်.. အဲ့ဒီလေညှင်း ဟာ တောင်ဘက် ကနေ မြောက်ဘက်ဆီသို့ တိုက်ခတ်လာတာ ဖြစ်ပါတယ်.. ဒါဆိုရင် မေသီလ ရှင်ရဲ့ ဆံပင်ဟာ ဘယ်ဘက်ကို လွင့်သွားမှာ လဲ..?
ရေး - Marip Seng Lat

၆။ မေး - လူငယ်လေးတစ်ဦး ဟာ စိတ်ဓာတ်ကျပြီး ကမ်းခြေမှာ ထိုင်နေတာ တော်တော်ကြာသွားပါပြီ.. သူ့ရဲ့ဖြတ်သန်းလာရတဲ့ဘဝကို ပြန်စဉ်းစားပြီး စိတ်တော်တော် ထိခိုက်နေရှာပါတယ်.. သူ့ရဲ့ရှေ့ဆက်ရမယ့် ခရီးလမ်းကို တွေးရင်းနဲ့ပဲ ကျယ်ပြန့်လှတဲ့ ပင်လယ်ပြင်ကြီးကို ငေးမော ကြည့်နေပါတယ်… ဒါပေမယ့် မထင်မှတ်ပဲနဲ့ သူ့လက်ထဲမှာ ကျောက်ခဲသေးသေးလေး တစ်လုံး ရောက်ရှိနေတာကို သတိရ၍ သတိမမူပဲ အဲ့ဒီကျောက်ခဲကို ရေထဲမှာ ပစ်ချလိုက်ပါတယ်.. သူပစ်ချလိုက်တဲ့ ကျောက်ခဲကို ကြည့်ပြီး အဲ့ဒီလူငယ်လေးဟာ တော်တော် အံ့ဩသွားပါတယ်.. ဘာကြောင့်လဲ ဆိုရင် အဲ့ဒီကျောက်ခဲလေးဟာ ရေထဲမှာ နစ်လိုက် မြှုပ်လိုက် နစ်လိုက် မြှုပ်လိုက်.. ဖြစ်နေလို့ ပဲဖြစ်ပါတယ်.. အဲ့ဒါဘာကြောင့်ဖြစ်ရတာလဲ.. ကျောက်ခဲမှာ တန်ခိုးရှိလို့လား.. မဟုတ်ရင် ကျောက်ခဲ အတုဖြစ်လို့လား.. ဒါမှ မဟုတ် ဘုရားသခင်က သူ့ကို အံ့ဩစေတာလား..?
ရေး - Marip Seng Lat

၇။ မေး - အဖေ နှစ်ယောက် သားနှစ်ယောက် လက္ဘရည်သွားသောက်ကြပါတယ်.. တစ်ယောက်တစ်ခွက် သောက်ပါတယ်.. တစ်ခွက်ဟာ ၁၀ ကျပ် ဖြစ်ပါတယ်.. သူတို့သောက်ပြီးတော့ လက္ဘရည်ဘိုးအဖြစ် ဆိုင်ရှင်ကို ၅၀ ပေးလိုက်ပါတယ်.. အဲ့လိုဆိုရင် ဆိုင်ရှင်ဟာ သူတို့ကို ပိုက်ဆံဘယ်လောက်ပြန်အမ်း မှာလဲ..?
ရေး - Marip Seng Lat

၈။ မေး - အမေရဲ့ ရင်ခွင်ထဲမှာနေတဲ့ ရင်ခွင်ပိုက် ကလေးလေးက ဈေးထဲမှာ သွားနေတုန်း လက်နက်ကိုင်တဲ့ သူကိုတွေ့လိုက်တယ် အဲဒါနဲ့ ရင်ခွင်ထဲက ကလေးလေးက လက်နက်ကိုင်ကို ပြောလိုက်တယ် အဲဒါနဲ့ လက်နက်ကိုင်တဲ့သူက တအားလန့်သွားတယ် အဲဒီကလေးလေးက လက်နက်ကိုင်ကို ဘာပြောလိုက်လို့ လန့်သွားတာလဲ..?

၉။ မေး - မွေးကင်းစ ခလေး ကို သူနာပြု ဆရာမက သွား ကြည့်တော့မရှိဘူးတဲ့ ဘာဖြစ်လို့လဲ…? 


ညာဏ်စမ်း
စိတ်ဝင်စားစရာကောင်းတဲ့ အမေးအဖြေလေး တစ်ခုဖတ်မိပါတယ်။ စိတ်ပါသူများ ဖြေကြည့်နိုင် ပါတယ်။ Motorola ဆိုရင် လူတိုင်းသိကြပါတယ်။ အဲဒီ ကုမ္ပဏီက ၀န်ထမ်းအသစ်တွေ ခေါ်တော့ ဒီလိုဥာဏ်စမ်း တစ်ခုကို မေးခဲ့တယ်။ သိတဲ့လူ ဖတ်ဖူးတဲ့လူတွေ ရှိကြမယ်လို့ ထင်ပါတယ်။

“လေပြင်းမုန်တိုင်းကျတဲ့ ညတစ်ညမှာ သင်ဟာ ကားမောင်းလာတယ် ဆိုပါစို့။ ကားမှတ်တိုင် တစ်ခုကို ဖြတ်တဲ့ အချိန်မှာ မှတ်တိုင်မှာ လူသုံးယောက်စောင့်နေတာကို သင်တွေ့လိုက်မယ်။ တစ်ယောက်က အလွန်သနား စရာကောင်းတဲ့ လူမမာ အဘိုးအိုတစ်ဦး၊ နောက်တစ်ယောက် က သင့်အသက်ကို ကယ်ခဲ့ဖူးတဲ့၊ သင်အရမ်း ကျေးဇူးဆပ်ချင်နေတဲ့ ဆရာဝန်တစ်ဦး၊ နောက်ဆုံးတစ်ယောက်က သင်အိပ်မက် မက်တိုင်း မြင်မက်တတ်တဲ့၊ သင်ရင်ကိုခုန်စေတဲ့ အိပ်မက်ထဲက ချစ်သူ။ သင်ကားဟာ လူတစ်ယောက်ပဲ ဆန့်တဲ့အတွက် တစ်ယောက်ကိုပဲ သင်ရွေးရလိမ့်မယ်။ ဘယ်တစ်ယောက်ကို သင်ရွေးမလဲ..”

အားလုံး တော်ကြပါတယ်။ အားလုံးအလုပ်ရနိုင်တယ်..ဟား..ဟား
အခုဖတ်ရတဲ့ အထဲမှာတော့ တစ်ယောက်ပဲ အရွေးခံလိုက်ရပါတယ်တဲ့။ လူအများ ဖြေကြတာက လူမမာ အဘိုးအိုကို အရင်ကယ်မယ်။ တစ်ချို့ကလည်း ဒါဟာ ကျေးဇူးဆပ်လို့ကောင်းတဲ့ အခွင့်အရေးမို့ ကိုယ့်အသက်ကို ကယ်ခဲ့ဖူးတဲ့ ဆရာဝန်ကို တင်ခေါ်သွားမယ်။ တစ်ချို့ကလည်း ကျေးဇူးက နောက်ကြုံရင် ဆပ်လို့ရသေးတယ် ကိုယ်ချစ်တဲ့လူနဲ့ ထပ်ဆုံဖို့ အခွင့်အရေးက ဒီတစ်ခါပဲရှိတာမို့ ဒီအခွင့်အရေးကို လက်လွှတ် မခံဘဲ သူ့ကိုတင်ခေါ်သွားမယ်။

ဖြေတဲ့လူအယောက်၂၀၀ မှာ အရွေးခံရတဲ့လူ တစ်ယောက်ပဲရှိတယ်တဲ့။ သူ့ရဲ့အဖြေ ကတော့ အခုဝင်ဖြေသွား ကြတဲ့ လူတွေရဲ့အဖြေနဲ့ ထပ်တူပါပဲ။

“ကားသော့ကို ဆရာဝန်ကို ပေးလိုက်ပြီး အဘိုးအိုကို တင်သွားခိုင်းမယ်။ ကျွန်တော် ကတော့ ကိုယ်ချစ်တဲ့လူနဲ့ မှတ်တိုင်မှာ ကားစောင့်ရင်းနေခဲ့မယ်” ဆိုတဲ့ အဖြေပါပဲ။ ၀င်ဖြေတဲ့ လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်နောင် စိတ်ဝင်စားစရာ ပဟေဠိ တွေကို တင်သွားပါဦးမယ်။း)

လူတွေက ကိုယ့်လက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားတဲ့ ကားသော့နဲ့တူတဲ့ အချို့အရာ တွေကို (ဥပမာ- အတ္တ၊ မာန၊ မာန်၊ ခေါင်းမာမှု) လက်လွှတ် တတ်ခဲ့မယ်ဆိုရင် ကိုယ်လိုချင်တာကို ပိုရနိုင်လိမ့်မယ်လို့ ဥာဏ်စမ်းအဆုံးမှာ ရေးထားပါသေးတယ်။


ညာဏ်စမ်း
၁၅ စက္ကန့်အတွင်း သင့်လက်ရှိအသက်ကို တွက်ချက်နိုင်တဲ့ သင်္ချာကစားနည်းလေးဖြစ်ပါတယ်။

(၁) ပထမဦးဆုံး (ဝ,၁,၂,၃,၄,၅,၆,၇,၈,၉) ထဲက ကြိုက်နှစ်သက်ရာ ဂဏန်းတစ်ခုကို ရွေးချယ်ပါ။
(၂) ရွေးထားတဲ့ ဂဏန်းကို ၂ နဲ့ မြှောက်ပါ။
(၃) ရတဲ့အဖြေကို ၅ ပေါင်းပါ။
(၄) ရတဲ့အဖြေကို ၅၀ နဲ့ထပ်မြှောက်ပါ။
(၅) ရတဲ့အဖြေကို ၁၇၆ဝ ထည့်ပေါင်းပါ။
(၆) နောက်ဆုံး ရလာတဲ့အဖြေကို ကိုယ့်မွေးနှစ်သက္ကရာဇ်ထဲက နုတ်ပါ။

နောက်ဆုံးသင်ရတဲ့ကိန်းက ရာဂဏန်းဖြစ်နေပါလိမ့်မယ်။ ရာဂဏန်းထဲက ပထမကိန်းဟာ စစချင်း သင်ရွေးခဲ့တဲ့ ကိန်းဖြစ်ပြီး ကျန်ကိန်းနှစ်လုံးက သင့်လက်ရှိအသက်ဖြစ်ပါတယ်။

ညာဏ်စမ်း

ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။
မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?

လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်... ကျွန်မတို့အားလုံးမှာ ဟားဗတ် တက်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။
၁= ၅ ဆိုတော့
အဖြေက ၅ = ၁ ပါတဲ့
လွယ်လွန်းတဲ့အတွက် လူကိုဒွိဟဖြစ်စေတဲ့ မေးခွန်းလေးပါ။ ၀င်ဖြေသူများ ကျေးဇူးတင်ပါတယ်.. ဟားဗတ်သွားကြရအောင်...

ညာဏ်စမ်း
ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။
ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။
၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။
စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?

က) ၀ လုံး
ခ) ၁၅ လုံး
ဂ) ၂၀ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး

အားလုံး ဖြေကြည့်ကြပါနော်။ လူတော်တွေပဲဆိုတာ သိပါတယ်။ ရုံးပိတ်ရက်လေးမှာ ပျော်ပျော်ပါးပါး အပျင်းပြေပေါ့...း)

ဘင်းဂို...... အဖြေက (၂၂)လုံး ဖြစ်ပါတယ်။

၁၅ကျပ်ဖိုးဝယ်တော့ ချိုချဉ်က = ၁၅ လုံး

အခွံ၁၅ခုနဲ့ ချိုချဉ်ပြန်လဲတော့.....= ၅လုံး

ရတဲ့ ၅လုံးထဲက အခွံ၃ခုနဲ့ ပြန်လဲတော့ = ၁လုံး

ကျန်တဲ့ အခွံနှစ်ခုနဲ့ နောက်ဆုံးရတဲ့ အခွံပေါင်းပြီး ပြန်လဲတော့ နောက် ၁ လုံးထပ်ရတယ်။ စုစုပေါင်း (၂၂) လုံးရပါတယ်။ ရှိသမျှအခွံကို လွှင့်မပစ်ဘဲ အကုန်လဲစားလိုက်တာ..း) အလုံး(၂၀) ဖြေသူတွေ၊ (၂၁)လုံး ဖြေသူတွေလဲ မှန်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သွားက ပိုးစားနေလို့ လျှော့စား လိုက်တာတဲ့း) အခွံကို လွှင့်မပစ်ဘဲ ပြန်လဲစားကြတဲ့အတွက် အားလုံးက လူတော်တွေပါပဲ။ ၀င်ရောက်ဖြေ ဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်နောက် လူချင်းကြုံခဲ့ရင် ချိုချဉ်လေးတွေ ကျွေးပါ့မယ်း)

ညာဏ်စမ်း

တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။

အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင် နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်း ထဲက ကျောင်းသား တစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?

ဝါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။

စာဖတ် သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေ စရာတောင် မလိုတော့ ပါဘူးနော်။ ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲ မှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံ လုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက် မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ် ဘူးလေ။ ကတ်ကြေး တစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။

တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန် အ ဆင့်လောက်ပဲ ဖြစ်သွား တတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း)

Sunday, May 8, 2011

mahkawn


ပွဲတော်မင်္ဂလာ

 ပွဲတော်မင်္ဂလာ
ဆရာကြီး ဆိုင်းဒူ

8 May 2011 ( Sunday)

I Kawringhtu : 11:21, 23, 26-29

သခင်ယေရှုဟာ ငါသည် အသက်ဖြစ်၏ ငါ့ကို ယုံကြည်သောသူသည်သာလျှင် ထာဝရ အသက်ကို ရမည်… သခင်ယေရှုပြောတဲ့စကား ဖြစ်ပါတယ်…ကျတော်တို့သည်သခင်ယေရှုကို ကယ်သင်ပိုင်ရှင် အဖြစ် လက်ခံယုံ ကြည်ဖို့ လိုတယ်… လက်ခံယုံကြည် တာနဲ့လည်း မပြီးသေးပါဘူး.. ဘုရားသခင်ရှေ့၊ လူ တွေရှေ့၊ ကောင်းကင် သမာန်ရှေ့ နှင့် ဆာတန်မာနတ်ရဲ့ ရှေ့မှာ ငါသည် ဘုရားသခင်ရဲ့သား၊ သခင်ခရစ်တော်ရဲ့လူ ဖြစ်သွားပြီ ဆိုတဲ့အကြောင်း ကြေငြာခြင်းဖြစ်တဲ့ နှစ်ခြင်း မင်္ဂလာကို ခံယူရမှာဖြစ် ပါတယ်…

Sunday, May 1, 2011

when you feel stress or downhearted watch this video


ယုံကြည်ခြင်းရဲ့အကျိုး


1 May, 2011
Sunday.

Mungga Sara Seng Du.

ယုံကြည်ခြင်းရဲ့အကျိုး

ဧဖက်း ၁

တရားကပြောထား ပါတယ်။ အဲ့ဒါကဘာလဲ..ဆိုတော့၊ ကောင်းတာလုပ်ရင်စံ မကောင်းတာလုပ်ရင်ခံ၊ ဟုဆိုထား ပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ၊ မိမိကိုယ်ကိုသာ ကိုးစားရာ၊ ဟုလည်းဆိုထား ပါတယ်။ ဒါကြောင့် မင်းကောင်းတာလုပ်ရင် မင်းကောင်းတာ ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာခံစားရမယ်။ ပြောချင်တာက ဘာလဲဆိုတော့ မင်းမကောင်းတာလုပ်ရင် မင်းငရဲကျမှာဘဲ။ မင်းထိုက်နဲ့မင်းကံဘဲ။ ဗုဒ္ဓ တရားတော်က ဒီလိုဘဲလာတာဖြစ် ပါတယ်။

 Sara Kaba Seng Du

ယုံကြည်ခြင်းရဲ့အကျိုး

 Sara Seng Du akyu phyi nga yang