Home

maripmaigrace.blogspot.com kaw na kabu gara let hkap tau la ga ai. အားလုံးကို လိုက်လိုက်လဲလဲဖြင့်ကြိုဆိုပါ၏။ welcome everyone by pleasure...

Sunday, June 5, 2011

ကလေးများနေ့

တရားဒေသနာ - ဆရာကြီးဆိုင်းဒူ

ဧဖက်ဩဝါဒစာ - ၆း ၎

အဘတို့ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့် အညီဆုံးမ သွန်သင်ခြင်းကို ပြုလျက် ကျွေးမွေးကြလော့။


သခင်ခရစ်တော်ဟာ ကလေးသူငယ်များကို ချစ်ပါတယ်၊ ကလေးဆိုတာဟာ အနာဂါတ်ရဲ့ အလင်းရောင် လဲဖြစ် တယ်ဆိုတာကို လူတိုင်းလက်ခံနိုင်ဖို့လိုတယ်။ 

ကလေးများနေ့ဖြစ်ပေါ်လာတာဟာ ၁၈၈၃ ခုနှစ် အမေရိက နိုင်ငံမှာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ 

၂၀၊ ၁၁၊ ၁၉၅၉ ခုနှစ်မှာ UNHCR ကနေ တရားဝင်ကြေငြာခဲ့ပါတယ်။ ဒါကြောင့် ဇွန်လ ရဲ့ဒုတိယ အပတ်မှာ ကမ္ဘာ့ ကလေးများနေ့ ဆိုပြီးဖြစ်ပေါ်လာ ခဲ့ပါတယ်။ 

UNHCR ရဲ့ ပြဌာန်းချက် ( ၁၀ ) ခုလဲ တစ်ခါတည်း ချမှတ်လိုက်ပါတယ်၊ ကလေးသူငယ်များ အားလုံးအတွက် ဖြစ်ပါတယ်။ 

၁။ ကလေးသူငယ်များအားလုံး သနားကြင်နာမှု ခံစားနိုင်ရန်။
၂။ ကလေးသူငယ်များအားလုံး အာဟာရ လုံလောက်စွာ ရရှိနိုင်ရန်။
၃။ ကလေးသူငယ်များအားလုံး ကိုယ့်မျိုးရိုးကို ဆက်ခံနိုင်ခွင့်ရှိရန်။
၎။ ကလေးသူငယ်များအားလုံး အခမဲ့ ပညာသင်ကြားနိုင်ခွင့် ရှိရန်။
၅။ ကလေးသူငယ်များအားလုံး နားနေချိန်နှင့် ပျော်ရွှင်စွာ အသက်ရှင်ခွင့် ရရှိရန်။
၆။ ကလေးသူငယ်များအားလုံး ၏ စွမ်းရည်တွေကို ဖော်ထုတ်ပေးရန်။
၇။ အခက်အခဲ ကြုံနေသော အခါ အမြန်ဆုံးအကူ အညီပေးရန်။
၈။ ကလေးဒုက္ခိသ များကို ကူညီရန်။
၉။ ကလေးသူငယ်များကို လူမျိုး ၊ ဘာသာ မခွဲခြားရန်။
၁၀။ ကလေးသူငယ်များကို ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးများနှင့် အဆက်အသွယ်ပေးရန်၊ တို့ဖြစ်ပါတယ်။
ဒါတွေအားလုံးဟာ ကလေးသူငယ်များ အားလုံးရဲ့ မဟာအခွင့်အရေး ဖြစ်ပါတယ်။
  
 The light of future



ဖြူစင်သော စိတ်နှလုံးသားပိုင်ရှင်များ
ကျနော်တို့ မိဘ များအနေနဲ့ ကလေးသူငယ်များကို ငယ်စဉ်က ပင်သခင်ခရစ်တော် အကြောင်း နှင့် လမ်းမှန်များကိုသာ သင်ပေးသင့်ပါတယ်။ သခင်ယေရှုကို လက်ခံရရှိမှ ထာဝရ အသက်ကို ရရှိမည် ဖြစ်ကြောင်းကို ငယ်စဉ်ကပင် သွန်သင်ထားဖို့ရန် အင်မတန် အရေးကြီး ပါတယ်။ ကလေး သူငယ်များဟာ လူကြီမိဘ တွေရဲ့ သွန်သင်မှုကို အမြဲနာခံလျက် ရှိပါတယ်။ ကလေးတွေရဲ့ရှေ့မှာ မကောင်းတာတွေ၊ ဆဲဆိုတိုင်းထွာ တာတွေကို မလုပ်မိဖို့ အရန်းအရေးကြီး ပါတယ်။ ကလေးတွေဟာ လူကြီးမိဘ တွေဆီက အစဉ်သင်ယူ နေတယ်ဆိုတာကို မမေ့သင့်ပါ။ 

ကလေးသူငယ်များအားလုံးအပ်ါမှာ သခင်ခရစ်တော်ထံမှ ကောင်းချီမင်္ဂလာများကို ခံစားရပါစေ။

Seng Lat

No comments:

Post a Comment