1 May, 2011
Sunday.
Mungga Sara Seng Du.
ယုံကြည်ခြင်းရဲ့အကျိုး
ဧဖက်း ၁
တရားကပြောထား ပါတယ်။ အဲ့ဒါကဘာလဲ..ဆိုတော့၊ ကောင်းတာလုပ်ရင်စံ မကောင်းတာလုပ်ရင်ခံ၊ ဟုဆိုထား ပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ၊ မိမိကိုယ်ကိုသာ ကိုးစားရာ၊ ဟုလည်းဆိုထား ပါတယ်။ ဒါကြောင့် မင်းကောင်းတာလုပ်ရင် မင်းကောင်းတာ ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာခံစားရမယ်။ ပြောချင်တာက ဘာလဲဆိုတော့ မင်းမကောင်းတာလုပ်ရင် မင်းငရဲကျမှာဘဲ။ မင်းထိုက်နဲ့မင်းကံဘဲ။ ဗုဒ္ဓ တရားတော်က ဒီလိုဘဲလာတာဖြစ် ပါတယ်။
ကျနော်တို့ လူသားတွေဟာ သုံးမျိုးအားဖြင့် အသက်ရှင်နေကြတာ ဖြစ်တယ်။ (၁) ဇာတိသွေးမှာ အသက်ရှင် နေကြတယ်၊ (၂) ပျက်စီးခြင်းမှာ အသက်ရှင်နေကြတယ်၊ (၃) အဲ့ဒီလို အသက်ရှင်လို့ ပျက်စီးစေခြင်း ခံရပြီး ထာဝရ ငရဲ ကျခံရတာ ဖြစ်တယ်။
လိုသားတိုင်း လိုလိုပြောတတ်တာ တစ်ခုရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့၊ ငါ မကောင်းတာမလုပ်ဘူး၊ ဆိုတဲ့စကားဘဲဖြစ် ပါတယ်။ စဉ်းစားကြပါစို့ အဲ့ဒါဟာ ဖြစ်နိုင်ပါ့မလား? လူတိုင်းဟာ ကာယကံ၊ ဝိစ္စီကံ၊ မနောကံ၊ တို့အားဖြင့် ပြစ်မှားနေကြတာ ဖြစ်ပါတယ်။ လူတိုင်းဟာအပြစ်နဲ့ လုံးဝမကင်းပါဘူး။ အဲ့ဒီကံသုံးပါး ဖြင့်နေ့တိုင်း လိုလို လူသတ်နေကြတာ၊ ဒုစရိုက်လုပ်နေကြတာ၊ စော်ကားနေကြတာ ဖြစ်ပါတယ်..ကျနော်တို့ သတိရဖို့ လိုပါတယ်။
ဆရာကြီး ဆိုင်းဒူ
ကျနော်တို့လူသား တိုင်းမှာ ရန်သူ အားဖြင့် (၃) မျိုး ရှိတာကိုတွေ့ရ ပါတယ်။ (၁) လောကီအမူအရာ၊ (၂) မကောင်းမှု၊ (၃) ဇာတိသွေး၊ ၎င်းတို့ဘဲဖြစ်ကြ ပါတယ်။ ကျနော်တို့ရဲ့ရန်သူကို ကောင်းကောင်းသိဖို့ လိုပါတယ်။ အခုလူသားတွေဟာ ဒုစရိုက်လို့ခေါ်တဲ့ ပင်လယ်နွံထဲမှာ နစ်မူးနေကြ ပါတယ်။ ဘုရားသခင် ဟာကျနော်တို့ အပြစ်သားတွေကို အသေကောင်ဘဲလို့ ဆိုထားပါတယ်။ အသေကောင်၊ မသာကောင် ဆိုတာဟာ ကိုယ့်ကိုယ်ကို ဘာမှလုပ်လို့မရပါဘူး… ကိုယ့်ကိုယ်ကို ရေချိုးယူလို့လဲမရဘူး.. အဝတ်ဝတ်ယူလို့လဲ မရပါဘူး… ပြောချင်တာက ကိုယ့်ကိုယ်ကို ဘာမှကြိုးစား ယူ၍မရဘူး ဆိုတာကိုဖော်ပြနေ ပါတယ်။ ကျမ်းစာကဖော်ပြနေ ပါတယ်၊ ဘုရားသခင်က ကျနော်တို့ကို ချစ်သောကြောင့် ယေရှုခရစ်တော်၌ အသက်ရှင်စေတော် မူပြီ။ တာဟာ ဘုရားသခင်ရဲ့ကတိတော် ဖြစ်ပါတယ်။ ကျတော်တို့ဟာ.. အမှန်တရားထက် သမ္မာတရား ဖြစ်ဖို့ အင်မတန်အရေး ကြီးပါတယ်။
The Pastor of Grace Church
ကျမ်းစာကဖော်ပြနေပါတယ်….ယေရှုခရစ်၌ ထမြောက်စေပြီး ကောင်းကင်အရပ်ရပ်၌ နေရာရှိစေတော် မူပြီ။ ဒါဟာ ဘုရားသခင်ရဲ့ ကတိစကား ဖြစ်ပါတယ်။
အောက်က အချက်တွေနဲ့ ပြည့်စုံသော်လည်း ထာဝရအသက်နှင့် ကောင်းကင်နိုင်ငံသို့ မရောက်နိုင်၊ (၁) ဘုရားသခင်ကို အသိ အမှတ်ပြုခြင်း၊ (၂) နှစ်ခြင်းခံယူခြင်း၊ (၃) ပွဲတော် မင်္ဂလာစားခြင်း၊ (၄) အသင်းတော်မှာ အသင်းသား အဖြစ်ဝင်ခြင်း၊ (၅) ဘာသာပြောင်းလဲခြင်း၊ (၆) စိတ်နှလုံဖြူစင်ခြင်း၊ ကူညီ ထောက်ပံ့ခြင်း၊ စွန့်ကြဲ ပေးကမ်းခြင်း၊ (၇) ပညာတ်တော် ၁၀ ပါးကို လိုက်လျှောက်ခြင်း၊ ၎င်းတို့နဲ့ ပြည့်စုံသော်လည်း မဖြစ်နိုင်ပါ။
ဧဖက်း ၁-၉
ကိုယ့် ကုသိုလ်ဖြင့် ကောင်းကင်ဘုံသို့ မရောက်နိုင်၊ တို့ဖြစ်လျှင် အဘယ်သူမှ ဝါကြွားစရာခွင့် မရှိ။ ဟုဖော်ပြထားတာ တွေ့ရ ပါတယ်။ ဘယ်လိုလုပ်ရင် ကောင်းကင် နိုင်ငံတော်သို့ ရောက်နိုင်မှာလဲ…? သခင် ယေရှုကို ကိုယ့်ရဲ့ ကယ်သင်ရှင်၊ ကိုယ့်ရဲ့အသက်သခင်၊ ကိုယ့်ရဲ့လမ်းဖြစ်တယ်လို့ ဒွိဟ သံသယ မရှိဘဲ အကြွင်းမဲ့ယုံကြည်လက်ခံ ခြင်းအားဖြင့်သာ ထဝရ ကောင်းကင်ဘုံ သို့ရောက်ရှိ နိုင်မည်ဖြစ်ကြောင်း ကျမ်းစာ၌ အသိ အလင်းဖော်ပြ ထားပါတယ်။
Sara Maw Seng Du.
ချစ်သောမိတ်ဆွေ အပေါင်းတို့ အချိန်တွေဟာ မနှောင်းသေးပါဘူး… ကိုယ်ကိုတိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဘုရားသခင်ဟာ လူသားတွေရဲ့တကယ့် ဖန်ဆင်းရှင် အစစ်ဖြစ် ပါတယ်။ နောင်တရပြီး ပြန်လည့် လာမယ်ဆိုရင် ကျနော်တို့ရဲ့ အသက်ရှင်သော ဘုရားသခင်ဟာ အဆွေ့ကို ဝမ်းသာ မျက်ရည် ဖြင့် ကြိုဆိုနေတယ် ဆိုတာကိုလုံးဝ သံသယမရှိဘဲ ယုံကြည်ဖို့ ဖြစ်ပါတယ်။ သခင်ယေရှုကို အမည်မပြုလျှင် အဘယ်သူမှ ခမည်းတော်ထံသို့ မရောက်နိုင်ပါ။ တာဟာ အမှန်ကန်ဆုံးနှင့် တန်ဖိုးအရှိဆုံး သောအရာ ဖြစ်ပါတယ်။
အားလုံးကို ထဝရဘုရား ထံမှငြိမ်သက် ပျော်ရွှင်ခြင်းကို အစဉ်ခံစား နိုင်ကြပါစေ….
ဆုမွန်ကောင်းတောင်းလျက် ..
စာရေးသူ
Marip Seng Lat.
No comments:
Post a Comment