Sara Seng Du
ထာဝရဘုရားသာ ကိုးစားရာ
( ယာ - ၁း ၁၉ - ၂၇ )
ယုံကြည်ခြင်း နည်းပါးသော သူတို့ ၊ ဂါတရပြည်သို့သွားသည့် အချိန်တွင် ယေရှုခရစ်တော် သူ့ရဲ့တပည့်တော်တွေကို ပြောသောစကား ဖြစ်တယ်။ သူ့တပည့်တွေဟာ လေမုန်တိုင်းထန်လို့ သေလို့မတတ် ခံစားနေသည့်အချိန်မှာ ခရစ်တော်ဟာ အိပ်ပျော်နေပါတယ်။ ဒါကြောင့် တပည့်တို့ဟာ စိုးရိမ်လို့ ထအော်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သခင်ယေရှုဟာ ထ၍ လေမုန်တိုင်းကို ငြိမ်စေခဲ့ပါတယ်။
သူတို့ ဂါတရပြည် ရောက်တဲ့အချိန်မှာ အရင်ဆုံး သခင်ခရစ်တော်ကို စီးကြိုသူဟာ နတ်ဆိုးစွဲနေသော ဂါတရပြည်သား ဘဲဖြစ်ပါတယ်။ လူတွေထက်နတ်ဆိုးဟာ သခင်ခရစ်တော်လာမည်ကို ကြိုတင် သိနေခြင်းဘဲဖြစ်ပါတယ်။ နတ်ဆိုးစွဲသူကို တွေ့ရင် လူတိုင်းဟာ ကြောက်ရွံ့ကြတယ်။ နတ်ဆိုးဆိုတော့ လူတိုင်းဟာ လန့်ကြပါတယ်။ ဒါဟာလူတွေရဲ့သဘာဝပါပဲ။
နတ်ဆိုးဟာ သခင်ယေရှုကို ကြိုဆိုတဲ့အချိန်မှာ ပြောသောစကားဖြစ်ပါတယ် “ အမြင့်ဆုံးသော ထာဝရဘုရားသခင်၏ သားတော်” လို့ခေါ်လိုက်ပါတယ်။ အဘယ်ကြောင့် သခင်သည် ကျနော့်စီမှာ အစောကြီးရောက်လာရတာလဲ…။ ကျနော့်ကို အနိမ့်ဆုံးသို့မပို့ပါနဲ့လို့ နတ်ဆိုးဟာ တောင်းပန်ပါတယ်။
တချိန်ကျရင် မရဏာ နိုင်ငံထဲမှာ ချခြင်းခံရမယ်ဆိုတာကို လူစီဖာ (Lusifa) က သိနေပါတယ်။ ဒါကြောင့်သူဟာ သခင်ယေရှုကို တောင်းပန်ခြင်းဖြစ်ပါတယ်။ အနိမ့်ဆုံးသော မရဏာ နိုင်ငံကို ကျနော့်ကို မချပါနဲ့လို့ စာတန်မာနတ်က တောင်းဆိုလိုက်ပါတယ်။ တောင်းဆိုရုံမကပါဘူး ဂါတရပြည်သား နတ်ဆိုးစွဲတဲ့လူဟာ ယေရှုကိုတွေ့တဲ့အခါ မြေကြီးပေါ်မှာ ပြားပြားဝတ်ပြီး ကိုးကွယ်ကြိုဆိုခဲ့ပါတယ်။ ချစ်သောမိတ်ဆွေတို့ သခင်ယေရှုဟာ ကျတော်တို့လူသား အတွက်အပြစ်မှ ကယ်နှုတ်ရန် အတွက် ကြွလာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေထက် စာတန်မာနတ်ဟာ ရှေ့ဦးသွားခဲ့ပါတယ်။ စာတန်မာနတ်ဟာ အင်မတန် ပါးနပ်တဲ့သူဖြစ်ပါတယ်.. ချစ်သော မိတ်ဆွေတို့ ဒါကို သတိရှိဖို့လိုပါတယ်။ ဒါကြောင့် နတ်ဆိုးဟာ ခရစ်တော်ကို ကြိုဆိုပြီးနောက် အနက်ဆုံးသော တွင်းသို့ မချဖို့တောင်းဆိုပါတယ်။ ဒါကြောင့် သခင်ခရစ်တော်ဟာ လည်းဘဲ အနက်ဆုံးသို့မချဘဲ ဝက်တွေထဲသို့မောင်းထုတ်ခဲ့ ပါတယ်။ ဒီဖြစ်ရပ်ဟာ လူတိုင်း ( ခရစ်ယာန်တိုင်း ) သိပြီးသား ဖြစ်ပါလိမ့်မယ်။
ဆရာကြီး ဆိုင်းဒူ
ချစ်သော မိတ်ဆွေတို့ ဘုံ (၅) ဘုံရှိပါတယ်။ (၁) ကောင်းကင်ဘုံ ၊ (၂) မရဏိဘုံ ၊ (၃) လူ့ပြည်ဘုံ (အလယ်ဘုံ ဖြစ်တယ်) ၊ (၄) မရဏဘုံ ၊ (၅) ငရဲ ၊ တွေဘဲဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ ကျနော်တို့လူသား တိုင်းအတွက် ဘုံတွေဖြစ်ပါတယ်။ ကောင်းကင်ဘုံဟာ ထာဝရ စံစားရမှာဖြစ်ပါတယ်။ ထာဝရစံစားနိုင်ဖို့ရန်ဟာ တစ်ပါးတည်းသော သားတော်သခင်ယေရှုကို လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။ ထာဝရ အသက်ရဖို့အတွက် ထာဝရအသက် ရှင်တော်မူသော သခင်ယေရှုကို ဒွိ့ဟ သံသယ မရှိဘဲ ယုံကြည်လက်ခံဖို့ အင်မတန် အရေးကြီးပါတယ်။ အချိန်ဆွဲနေ စရာမလိုပါဘူး၊ ဆုံးဖြတ်ရမှာက သင်ကိုယ်တိုင်ဘဲ ဖြစ်ပါတယ်။
သခင်ယေရှုကို လက်ခံယုံကြည်ပြီး နှစ်ခြင်းခံနေစဉ်
ဂါတရပြည်သားထဲမှ နတ်ဆိုး ထွက်သွားပြီးနောက် အဲ့ဒီလူဟာ ယေရှုကို ယုံကြည် လက်ခံ ကိုးကွယ် ခဲ့ပါတယ်။ ချစ်သောမိတ်ဆွေတို့ နတ်ဆိုးစွဲတယ်ဆိုတာ အခုချိန်မှာက ဘာကိုဆိုလိုတာလဲဆိုရင်… လူကိုသတ်ချင်ခြင်း ၊ မနာလိုသဝန်တိုခြင်း ၊ သူများပစ္စည်းခိုးခြင်း ၊ ဆဲဆိုခြင်း ၊ မကောင်းကြံခြင်း၊ ခြင်း…ခြင်း ...အများကြီး ရှိပါတယ်။ တကယ် နတ်ဆိုး စွဲတာလည်း တွေ့ရပါ သေးတယ်။ “ သင်တို့ဟာ သင်တို့၏အဘတည်း ဟူသော နတ်ဆိုးကို ကိုးကွယ်ကြ၏” ဟု ကျမ်းစာမှာလာ ပါတယ်။ ဒါကြောင့် ကျတော်တို့ မကောင်းတာ စဉ်းစားမိ၊ လုပ်မိတိုင်း ဒါဟာနတ်ဆိုးရဲ့ အကြိုက်ဘဲဖြစ်တယ် ဆိုတာကို သတိရှိဖို့လိုပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ “ ကချင် ခေါင်းဆောင်ကြီး ဖြစ်တဲ့ မရန်ဘရန်ဆိုင်း (Maran Brang Seng) ပြောခဲ့တာ ရှိပါတယ်” “ လူတိုင်းဟာ မကောင်းတဲ့အကျင့် စရိုက်ကို တစ်နှစ်မှာ နှစ်ကြိမ် ပြုပြင်ပြောင်းလဲ ရမယ်” လို့ဆိုခဲ့ ပါတယ်။ ဘယ်အချိန်မှာ ပြုပြင်ပြောင်းလဲ ရမှာလဲ ဆိုတော့ ၊ (၁) ကိုယ့်ရဲ့ မွေနေ့ မှာ တစ်ခါ၊ (၂) နှစ်သစ်ကူး မှာတစ်ခါ ပြုပြင်ပြောင်းလဲရမယ် လို့မိန့်ဆိုခဲ့ပါတယ်။ ဒါဟာ အင်မတန်မှ ကောင်းမြတ်တဲ့ အရာဖြစ်ပါတယ်။
လူတွေပြောတတ်တဲ့စကား ရှိပါတယ်… ငါသတ်မိတော့မယ် ၊ လုပ်မိတော့မယ်၊ ဆဲမိတော့မယ်နော်… လို့လူတွေ အမြဲလိုလို ဒေါသ ထွက်လာရင် ပြောဆို တတ်ကြ ပါတယ်။ ဒါတွေဟာ စာတန်မာနတ်ရဲ့ အကျင့်ဆိုးတွေဖြစ်တယ်…. သတိရဖို့လိုပါတယ် ချစ်သော မိတ်ဆွေတို့… ။ ဘုရားသခင်ရဲ့ သားများဟာ လူကိုသတ်ဖို့ မပြောနဲ့ ကယ်တင်ဖို့ဘဲ ရှိပါတယ်။ ဒါဟာ အင်မတန်မှ မွန်မြတ်တဲ့ အရာဖြစ်ပါတယ်။
ချစ်သော မိတ်ဆွေတို့ ထာဝရအသက်ကို ရဖို့ဆိုရင် ကျတော်တို့ လုပ်ဖို့ဟာ တစ်ခုဘဲရှိပါတယ်။ ပင်ပန်းတဲ့ဟာ တော့မဟုတ်ပါဘူး.. ကိုယ့်ရဲ့ စိတ်နှလုံးထဲ မှာ ကယ်တင်ပိုင်ရှင်သခင် ခရစ်တော် ကိုခေါ်ဖိတ် လက်ခံယုံကြည်ဖို့ဘဲ ဖြစ်ပါတယ်။ ထာဝရဘုရားသာ လူသားတိုင်းရဲ့ကိုးစားရာ ဘုရားဖြစ်ပါတယ်။ မယုံကြည်သေးသော ကိုယ့်ရဲ့မိတ်ဆွေကို လမ်းပြသက်သေ ခံဖို့ဟာ ယေရှုခရစ်တော် အနှစ်သက်ဆုံးသော အမှုအရာ ဖြစ်ပါတယ်။ အားလုံးအပေါ်မှာ ဘုရားသခင်ထံမှ ကောင်းချီခံစားကြရပါစေ…။
ရေးသူ Marip Seng Lat
ဂုဏ်တော်ချီမွမ်းနေ...
သခင်ယေရှု ချစ်သော ကလေးသူငယ်များ...
No comments:
Post a Comment