Home

maripmaigrace.blogspot.com kaw na kabu gara let hkap tau la ga ai. အားလုံးကို လိုက်လိုက်လဲလဲဖြင့်ကြိုဆိုပါ၏။ welcome everyone by pleasure...

Sunday, May 8, 2011

ပွဲတော်မင်္ဂလာ

 ပွဲတော်မင်္ဂလာ
ဆရာကြီး ဆိုင်းဒူ

8 May 2011 ( Sunday)

I Kawringhtu : 11:21, 23, 26-29

သခင်ယေရှုဟာ ငါသည် အသက်ဖြစ်၏ ငါ့ကို ယုံကြည်သောသူသည်သာလျှင် ထာဝရ အသက်ကို ရမည်… သခင်ယေရှုပြောတဲ့စကား ဖြစ်ပါတယ်…ကျတော်တို့သည်သခင်ယေရှုကို ကယ်သင်ပိုင်ရှင် အဖြစ် လက်ခံယုံ ကြည်ဖို့ လိုတယ်… လက်ခံယုံကြည် တာနဲ့လည်း မပြီးသေးပါဘူး.. ဘုရားသခင်ရှေ့၊ လူ တွေရှေ့၊ ကောင်းကင် သမာန်ရှေ့ နှင့် ဆာတန်မာနတ်ရဲ့ ရှေ့မှာ ငါသည် ဘုရားသခင်ရဲ့သား၊ သခင်ခရစ်တော်ရဲ့လူ ဖြစ်သွားပြီ ဆိုတဲ့အကြောင်း ကြေငြာခြင်းဖြစ်တဲ့ နှစ်ခြင်း မင်္ဂလာကို ခံယူရမှာဖြစ် ပါတယ်…

သခင်ယေရှုရဲ့ ကတိတော်အတိုင်း သူ့ကိုသတိရ အောက်မေ့တဲ့အနေနဲ့ ပွဲတော်မင်္ဂလာကို ပြုလုပ်ပါဝင် ရမှာဖြစ် ပါတယ်… ဒါဟာ သခင်ခရစ်တော်နှင့် ကျတော်တို့ကြားမှာ အကြီးမားဆုံးသောပွဲ၊ အမွန်မြတ်ဆုံးသော အရာဖြစ်တယ်ဆိုတာကို သတိရ၊ နားလည်ဖို့ အင်မတန်ရေးကြီးပါတယ်..

နှစ်ခြင်းမင်္ဂလာ ခံယူပြီးသောသူတိုင်းဟာ ပွဲတော်မင်္ဂလာကို ဝင်စားရမှာဖြစ်ပါတယ်… ပွဲတော်မင်္ဂလာ ခံစားခြင်းဟာ သခင်ခရစ်တော်ဟာ ကျနော်တို့ရဲ့အပြစ်အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီး သုံးရက်မြောက်သောနေ့မှာ သေခြင်းကို အောင်မြင်ပြီး ရှင်ပြန်ထမြောက်တော်မူ ခြင်းကို အမြဲသတိရပြီး စိတ်နှလုံးသွင်းထားဖို့ဖြစ်ပါတယ်…သခင်ယေရှုကို မိမိရဲ့ကယ်သင်ပိုင်ရှင်အဖြစ် အမြဲသတိရနေဖို့ လိုပါတယ်…

ကျနော်၊ ကျမ ဟာ ဘာသာ မတူသော သူနဲ့ လက်ထပ်ခဲ့ပြီ၊ သို့ဖြစ်၍ ကျနော့်မှာ အပြစ်ရှိပါသည်.. ထို့ကြောင့် ပွဲတော် မင်္ဂလာကို ဝင်စားရန် မသန့်ရှင်းတော့ပါ ဟုထင်မှတ်ပြီး ၊နှစ်ခြင်းခံယူခဲ့ပြီးလျက် တကာလ၊ ပွဲတော်မင်္ဂလာကို မဝင်စားဘူးဆိုရင် အလွန်မှားယွင်းသော အရာဖြစ်ပါတယ်… လူတိုင်းဟာ အပြစ်သားတွေပါ.. အပြစ်မရှိသောသူ၊ သန့်ရှင်းသောသူဟူ၍ တစ်ဦး တစ်ယောက်မျှ မရှိပါ… ကျနော်၊ ကျမ ဟာအပြစ်ရှိ၍ မသန့်ရှင်းတော့၍ ပွဲတော် မင်္ဂလာကို မဝင်စားတော့ဘူး ဆိုရင် လူတိုင်းဟာ ပွဲတော်မင်္ဂလာကို ဝင်စားနိုင်မှာ မဟုတ်ပါဘူး… ပွဲတော်မင်္ဂလာ ဝင်စားတယ် ဆိုတာဟာ… သခင်ခရစ်တော်ရဲ့ ကတိတော် အတိုင်း သူ့ကို အမြဲအောက်မေ့ သတိရလျက်ရှိနေဖို့ ဖြစ်ပါတယ်… ဒါကြောင့် နှစ်ခြင်းမင်္ဂလာ ခံယူပြီးသော သူတိုင်းဟာ ပွဲတော် မင်္ဂလာဝင်စားဖို့ အင်မတန် အရေးကြီး ပါတယ်…

ချစ်သူနှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် အဝေးရောက်နေချိန်မှာ အလွမ်းပြေဖို့ ကိုယ့်ချစ်သူရဲ့ ဓာတ်ပုံကို ကြည့်ပြီး အလွမ်းပြေသလို ပွဲတော်မင်္ဂလာ ဟာလဲကျတော်တို့သိပ်ချစ်တဲ့ သခင်ခရစ်တော်ကို လွမ်း၍ သတိရ၍ ကိုယ့်ရဲ့အလွမ်းတွေကို သက်သာစေဖို့အလို့ငှာပြုလုပ်ခြင်းဖြစ် ပါတယ်…ကိုယ့်ချစ်သူရဲ့ဓာတ်ပုံကို ကြည့်တာနဲ့ အတူတူဖြစ်ပါတယ်… သခင်ယေရှုဟာ ကျတော်တို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ မိတ်ဆွေ အနေနဲ့ သိဖို့နားလည်ဖို့ လိုပါတယ်…မိတ်ဆွေရဲ့ မွန်မြတ်သောနောင်တတွေဟာ အချိန်မနှောင်းသေး ခင်မှာ သခင်ယေရှုထံတော်သို့ ပြန်လည့်လာဖို့ ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်… မိတ်ဆွေ.. သခင်ယေရှုဟာ မိတ်ဆွေကို ထာဝရ အသက်ကိုပေးဖို့ ရန်အတွက် အပြုံးမျက်နှာနဲ့ အမြဲစောင့်နေတယ် ဆိုတာကို သတိပေးခြင်ပါတယ်…

သခင်ယေရှု ဒုတိယ အကြိမ်ပြန်ကြွလာတဲ့အခါ အားလုံးဟာပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုဆိုနိုင်ဖို့ဟာ အရာအားလုံးထက် အရေးအကြီးဆုံးသော အရာဖြစ်တယ် ဆိုတာသတိရှိဖို့ လိုအပ်ပါတယ်….

အားလုံးအပေါ်မှာ အံ့ဩဖွယ်ရာ ကောင်းချီးမင်္ဂလာခံစားကြပါစေ…

စာရေးသူ                                                                        Marip Seng Lat







Marip Seng Lat

No comments:

Post a Comment