Home

maripmaigrace.blogspot.com kaw na kabu gara let hkap tau la ga ai. အားလုံးကို လိုက်လိုက်လဲလဲဖြင့်ကြိုဆိုပါ၏။ welcome everyone by pleasure...

Sunday, July 31, 2011

မနက်ဖြန်

တရားဒေသနာ - ဆရာ မင်းသိန်း

မနက်ဖြန်

သုတ္တံ - ၂၇း ၁

“မနက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက်အတွင်း တွင် အဘယ်သို့ဖြစ်လိမ့်မည်ကို မသိနိုင်။”

Proverbs – 27 : 1  Do not boast about tomorrow, for you do not know what a day may bring forth.
ဆရာ မင်းသိန်း
ရှင်ယာကုပ် - ၄း ၁၃ - ၁၅

“ယနေ့နက်ဖြန်ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့၊ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ ထာဝရ ဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ ပြုကြကုန်အံ့ဟု သင်တို့ ဆိုသင့်ရာဖြစ်၏။”



ချစ်သောမိတ်ဆွေတို့ လူသားတွေဟာ ကိုယ့်ရဲ့အနာဂတ်အတွက်ကို ကိုယ့်ကိုယ်ကို အစီအစဉ်တွေဆွဲ ကြပါတယ်.. ဒါပေမယ့် ဘယ်သူတစ်ယောက်မှ ကိုယ့်ရဲ့ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို ကြိုပြီး မြင်နိုင်တဲ့သူ မရှိပါဘူး… ထာဝရဘုရားသခင်က လွှဲရင်မြင်နိုင်သိနိုင်တဲ့သူမရှိပါဘူး… ကိုယ့်ရဲ့ မနက်ဖြန်အတွက် ဘုရားသခင်ကို ဆုတောင်းအပ်နံထားလိုက်ပါ… စာရေးဆရာ တချို့ပြေကြပါတယ်.. ကိုယ်သာလျှင် ကိုယ့်ရဲ့ပဲ့ကိုင်ဖြစ်တယ်တဲ့… ချစ်သောမိတ်ဆွေအပေါင်းတို့ ကျနော်တို့စဉ်းစားရန် လိုအပ်ပါလိမ့်မယ်… ကိုယ့်ရဲ့ တကယ့်ကယ်သင်ပိုင်ရှင်ဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ကွဲကွဲပြားပြား နားလည် သဘောပေါက်ဖို့ လိုပါတယ်… ကမ္ဘာပေါ်မှာ သန်းပေါင်းမြောက်များစွာသော ဘုရားရှိတယ်ဆိုတာကို လူသားတိုင်း သိပြီး ဖြစ်ပါတယ်… တရားလုပ်တာ၊ ကျင့်တာဟာ အင်မတန် ကောင်းပါတယ်.. ဒါပေမယ့် တရားဟာ လမ်းပြနိုင်တယ်၊ လမ်းမှန်တွေကိုလည်း ညွန်းနိုင်ပါတယ်.. ဒါပေမယ့် အမာ့ခံချက် မပေးနိုင်ပါဘူး… ပြီးတော့တရားဟာ လမ်းပြနိုင်ယုံကလွဲရင် လုပ်နိုင်တာ မရှိတော့ပါဘူး… ဒါပေမယ့် သခင်ယေရှုဟာ အဲ့ဒီလို မဟုတ်ပါဘူး… သူပြောတာ ရှင်းရှင်းလေးပါ.. ငါ့ထံတို့လာကြလော့.. ငါ့နောက်ကို လိုက်ကြလော့၊ ငါသည်မင်းတို့ရဲ့ အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အပြစ်တွေကို ဆေးကြော ပေးခဲ့ပါပြီ... ငါ့ကိုယုံကြည်သော သူတိုင်းသည် ထာဝရအသက်ကို ရမည်… ငါသည် လမ်းခရီး ဖြစ်၏၊ တရားလည်းဖြစ်၏လို့ သခင်ယေရှုဟာ မိန့်မာတော် မူခဲ့ပါတယ်… သခင်ယေရှုကလွဲရင် ဘယ်သူမှ အမာ့ခံချက် မပေးနိုင်ဘူးဆိုတာကို သတိရနေစေလိုပါတယ်…

မနက်ဖြန်ရဲ့တကယ့်ပိုင်ရှင်အစစ်ဟာ သခင်ယေရှုသာဖြစ်ပါတယ်…

ရေး                                                                                            Marip Seng Lat 



























No comments:

Post a Comment