သစ္စာတရား၏ ရလဒ်
(ယောဘ - ၄၂း ၁၀)
"ယောဘသည် အဆွေခင်ပွန်းတို့အဖို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း၍ အရင်ထက်နှစ်ဆသော ဥစ္စာကို ပေးတော်မူ၏။"
တရားဒေသနာဟောနေ
ကျနော်တို့အားလုံး ယောဘ အကြောင်းကို သိကြမယ်လို့ ယုံကြည်ပါတယ်။ ယောဘဟာ အင်မတန်မှ ဘုရားသခင်ထံမှာ သစ္စာရှိသောသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သားသမီး ကျွဲ၊ နွား၊ သိုး၊ ကုလားအုတ် စသော အိမ်မွေး တရိစ္ဆာာန်များနှင့် ဓနဥစ္စာတွေကို ဘုရားသခင်က ကောင်းချီး ပေးထားတာ ဖြစ်ပါတယ်။
ပွဲတော်မင်္ဂလာကိုပေးမယ့် ဆရာတော်ကြီး
ယောဘသည် ဆုတောင်းပွဲလုပ်တိုင်း သူ့ရဲ့သားသမီးများ၏ အပြစ်များနှင့် အိမ်သူအိမ်သား တို့၏ ပြစ်မှားသော အပြစ်များကို ဘုရားသခင်ထံ တောင်းပန်လေ့ရှိတယ်။ တစ်နှစ်မှာ အနည်းဆုံးတစ်ခါ ဆုတောင်းပွဲ အကြီးကြီး ကျင်းပလေ့ရှိတယ်။ ဘုရားသခင်ကိုရိုသေ လေးစား သစ္စာရှိသော သူဖြစ်တယ်။
အဲ့ဒီလိုယောဘ ၏ ဝတ်ပြုကူးကွယ်ရန် နေရာတွင် စာတန်မာနတ်လည်း ရောယောင်ပါလာလေ၏။ ယောဘကို နှောင့်ယှက်ရန်ဖြစ်လေသည်။ ဘုရားသခင်ဟာ ယောဘ၏သစ္စာရှိမှုကို စမ်းတတ်ဖို့ရန် စာတန်မာနတ်ကို အခွင့်ပေးလိုက်လေ၏။ ယောဘ၏ အသက်က လွဲပြီး ကျန်တာကို လုပ်ပိုင်ခွင့် အာဏာကို ဘုရားသခင်က စာတန်မာနတ်အား ပေးလိုက်လေ၏။ ဘယ်လိုပဲလုပ်လုပ် သစ္စာရှိသော ယောဘဟာ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းနိုင်လေသည်။ သူ့သားသမီး၊ ကျေးကျွန်၊ ဓနဥစ္စာ အားလုံး ဆုံးရှုံးသွားသည့်တိုင် အသက်ရှင်တော်မူသော ဘုရားသခင်ကို မငြင်းပယ်ခဲ့ပါ။ ဒါဟာယောဘ ရဲ့သစ္စာ ရှိမှုပဲဖြစ်ပါတယ်။ သူ့ရဲ့ဘုရားသခင်ထံသစ္စာ ရှိမှုဟာ နောက်ဆုံး၌ နှစ်ဆသော ကောင်းချီးမင်္ဂလာကို ခံစားရရှိလေ၏။
ချစ်သော မိတ်ဆွေအပေါင်းတို့ လူသားတိုင်းဟာ ကိုယ့်ရဲ့ စိတ်ကျေနပ်မှုကိုမရရှိကြပါဘူး။ ဒါဟာ လူသားတိုင်းရဲ့ ခံစားချက်နှင့် တွေ့ကြုံနေကြကိစ္စ ဖြစ်ပါတယ်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ ဒုက္ခရောက်ခြင်း ဒါတွေဟာ ရှောင်လွဲလို့ မရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာဘဲ ဖြစ်တယ်ဆိုတာကို သတိရဖို့လိုပါတယ်။ ဘုရားသခင် မတတ်နိုင်တာ ဘာမှ မရှိပါဘူး။ ဘုရားသခင်ကိုသာ သစ္စာရှိရှိနဲ့ ယုံကြည် ကူးစားမယ် ဆိုရင် အရာရာတိုင်းဟာ ပျော်ရွှင် စရာတွင်သာ ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ အသက်သာ ဘဝကို ယုံကြည်ခြင်းနှင့် ဆက်လျှောက်လှမ်းကြပါစို့….
ရေး Marip Seng Lat
Sing a song by Sunday School students.
နှစ်ခြင်းမင်္ဂလာခံယူသူများ
အသင်းတော်လူငယ်များမှ ဂုဏ်တော်ချီးမွမ်း
မောင် D.ခွန်နောင်မှ ဘုရားသခင်၏ ကျေးဇူးတော်
ကြီးမားလှကြောင်း သက်သေခံနေစဉ်
သင်းထောက်ဦးခွန်းမိုင်မှ အထူးဆုတောင်းပေး
ဝတ်ပြုကူးကွယ်နေတဲ့ဓမ္မမိတ်ဆွေများ
သီချင်းဖြင့် အသင်းတော်လူငယ်များမှ ဘုရားသခင်ကိုချီးမွမ်း
No comments:
Post a Comment