Home

maripmaigrace.blogspot.com kaw na kabu gara let hkap tau la ga ai. အားလုံးကို လိုက်လိုက်လဲလဲဖြင့်ကြိုဆိုပါ၏။ welcome everyone by pleasure...

Sunday, July 17, 2011

ခပ်သိမ်းသော အမှုကို တတ်စွမ်းနိုင်သော ထာဝရဘုရား

တရားဒေသနာ - ဆရာကြီး ဦးဆိုင်းဒူ

ခပ်သိမ်းသော အမှုကို တတ်စွမ်းနိုင်သော ထာဝရဘုရား

ရှင်မာကု ၁၀း ၂၃ - ၂၇

“ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် မိန်းမော တွေဝေခြင်းရှိကြ၏။ တဖန်ယေရှုက ငါ့သားတို့၊ မိမိဥစ္စာကို မှီခိုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။ ကုလားအုပ်သည် အင်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။ ထိုသူတို့သည် သာ၍မိန်းမော တွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်း ပြောဆိုကြ၏။ ယေရှုသည်လည်း၊ သူတို့ကို ကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည် မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှု တို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏”

 ဆရာကြီး ဦးဆိုင်းဒူ

ဥစ္စာရှိသောသူ၊ ငွေချမ်းသာသောသူဟာ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ကို အလွန်ဝင်ခဲသည်။ လူသားတွေဟာ အခက်အခဲတွေ ကြုံတွေ့လာရင် အရာရာကိုလုပ်ဖို့ ရဲတင်းလာကြတယ်။ ဒါတွေဟာ လူ့ရဲ့သဘာဝ ပင်ကိုယ်စရိုက်ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ရုန်းထွက်ဖို့ ကြိုးစားကြတယ်၊ အသက်ရှင်သော ထာဝရဘုရားသခင်ကို မေ့လျော့ကြပါတယ်၊ ဒါဟာ အင်မတန်မှ ကြောက်စရာကောင်းသော အပြုအမူတွေပဲ ဖြစ်ပါတယ်။

 တရားဒေသနာ ဟောနေသော ဆရာကြီး ဆိုင်းဒူ

ကိုယ့်ရဲ့ကြိုးပမ်းမှုဖြင့် ကောင်းကင်နိုင်ငံကို မရောက်နိုင်ဘူးဆိုတာကို လုံးဝသိရှိထားဖို့လိုပါတယ်။ ကိုယ့်ရဲ့စိတ်နှလုံး နိမ့်ချ၍ ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ ဘုရားသခင်က မိန့်မှာထားပါတယ်၊ ငါ့ကို ယုံကြည်၍ ငါ့သားကို မရရှိသောသူသည်ထာဝရ အသက်ကိုမရ၊ ငါ့ကိုယုံကြည်၍ ငါ့သားကိုလက်ခံယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏၊ ထာဝရအသက်သည် သားတော်၌ပါ၏ လို့မိန့်မှာထားပါတယ်.. ချစ်သော မိတ်ဆွေ အပေါင်းတို့…

ဘုရား၏ဂုဏ်တော်ကိုချီးမွမ်း

ရှမာရိတပ်တွေကို ဆူးရိတပ်တွေက လာပြီးဝိုင်းရံထားကြပါတယ်။ သူတို့ဟာ မတိုက်ပဲနဲ့ ရှမာရိ ပြည်သူပြည်သားများ အစာငတ်ပြီး သေ၊ သူတို့စီမှာ အညံ့လာခံဖို့ရည်ရွယ်ချက်နှင့် ဝိုင်းရံ ထားခြင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ရှမာရိတွေဟာ အစာစားဖို့ရန် မရှိတော့တဲ့ အချိန်မှာ ကိုယ့်ရဲ့သားသမီးများကို သတ်စားကြပါတယ်။ ဒါတွေဟာ လူ့ရဲ့ဇာတိစိတ်အတိုင်း ကိုယ့်ရဲ့လွတ်ရာ လွတ်ကြောင်းကို ကိုယ့်ဟာကို ကြိုးစား ကြခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့်ဒါဟာ မှန်ကန်တဲ့အဖြေရှာ တာမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ စိတ်နှလုံးနှင့် ဆန့်ကျင်ဘက်သာ ဖြစ်ပါတယ်။

ချစ်သောမိတ်ဆွေတို့ ကျနော်တို့ဟာ လောကမှာ အသက်ရှင်နေထိုင်တဲ့အချိန်မှာ ဆင်းရဲခြင်း၊ ဒုက္ခရောက်ခြင်း၊ ပျော်ရွှင်ခြင်း စသော အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဘုရားသခင်၏ စကားကို မမေ့လျော့ဖို့ အလွန်အရေးကြီးပါတယ်။ ယေရှုခရစ်တော်က လွဲပြီး ထာဝရအသက်ကို ဘယ်သူမှ မပေးနိုင်းဘူးဆိုတာကို လုံးဝ ဒွိဟသံသယ မရှိပဲ ယုံကြည် လက်ခံဖို့ ဖြစ်ပါတယ်။

အားလုံးအပေါ်မှာ ဘုရားသခင်ထံမှ ကျေးဇူးတော်ကို ခံစားရရှိလျက် ကျေးဇူးတော် အပေါင်းတို့ကို ချီးမွမ်းနိုင်ကြပါစေ..

ရေး                                                                                 Marip Seng Lat.










No comments:

Post a Comment