တရားဒေသနာ - ဆရာကြီး ဦးဆိုင်းဒူ
ဆရာကြီး ဆိုင်းဒူ
ရှင်လုကာ ၇း ၃၆ - ၃၈၊ ၄၇
“ဖာရိရှဲတစ်ယောက်သည်အစာကို သုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ ထိုဖာရိရှဲတို့၏ အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။ ထိုသို့စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ ဆိုးသော မိန်းမ တစ်ယောက်သည်သိလျှင်၊ ဆီမွှေးကျောက်ဖြူ ခွက်တစ်လုံးကိုယူခဲ့၍၊ နောက်တော်၌ ခြေတော်အနီးမှာ ရပ်လျက်ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့် သုတ်လေ၏။ ခြေတော်ကိုလည်းနမ်း၍ ဆီမွှေးနှင့် လိမ်းလျှက်နေ၏။ ထို့ကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသော အပြစ်တို့နှင့် လွတ်သည် ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သာ အပြစ်လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်စု မိန့်တော်မူ၏”
တခါက လူတစ်ယောက်ရှိပါတယ်… သူကဘာပြောသလဲဆိုရင် သူ့ဆီမှာ အချစ်အများကြီးရှိတယ်လို့ သူကမကြာခဏပြောလေ့ရှိပါတယ်။ သူပြောတာက ဝ ရင်လည်းချစ်တယ်၊ ပုရင်လည်းချစ်တယ်၊ ပိန်ရင်လည်း ချစ်တယ်၊ ဘာပုံစံပေါက်နေပါစေ သူကချစ်ပါတယ်တဲ့.. “ငါ့ဆီမှာ အချစ်တွေ အများကြီးရှိ ပါတယ်.. ငါ့အချစ်ဟာ ချစ်လို့ မကုန်ပါဘူးတဲ့..” ကုန်တင်ကာကြီးတစ်စီးမှာ ချိုချဉ် အပြည့်တင်ပြီး ကားလမ်းမကြီးမှာ ရပ်ပြီး ဝေငှရင် အဲ့ဒီချိုချဉ်တွေဟာ ကုန်သွားရင်ကုန်သွားမှာပါ.. ဒါပေမယ့် ငါ့အချစ်တွေဟာ ဘယ်တော့မှ ကုန်မှာမဟုတ်ဘူး… လို့ပြောပါတယ်။
ချစ်သောမိတ်ဆွေအပေါင်းတို့ သခင်ခရစ်တော်ဟာ အချစ်အကြောင်း၊ မေတ္တာအကြောင်းတွေကို ပြောခဲ့ပါတယ်။ “ မေတ္တာသည် စိတ်ရှာ်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာန မရှိ။ မလျောက်ပတ်စွာ မကျင့်ဝတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျတ် မထွတ်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်။ မတရားသော အမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်။ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။” ဟု သခင် ခရစ်တော် သွန်သင်ခဲ့ပါတယ်။
ချစ်သော မိတ်ဆွေအပေါင်းတို့ ကျတော်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လိုမျိုး ချစ်ခြင်းမေတ္တလဲ… ဆိုတာကို စမ်းစစ်ဖို့လိုပါတယ်။ သခင်ခရစ်တော်ပြောခဲ့တဲ့ ချစ်ခြင်းမေတ္တာ နှင့်ကော ထပ်တူဖြစ်နေပြီလား…. ဒါတွေဟာ အင်မတန် အရေးကြီးပါတယ်။ ကိုယ်ရဲ့မိတ်ဆွေ အပေါင်း အသင်းတွေကို ကိုယ်ဟာဘယ်လိုမျိုး ချစ်ခြင်းမေတ္တာတွေနှင့် ဆက်ဆံနေတာလဲ…
ဖာရိရှဲတစ်ယောက် သခင်ယေရှုကို အစာကို သုံးဆောင်တော်မူရန်ဖိတ်ခေါ် တဲ့အချိန်မှာ ထိုမြို့မှာ ရှိနေတဲ့ ဆိုးသော မိန်းမတစ်ယောက်ဟာ သူ့ရဲ့ကြီးမားသော အပြစ်တွေကို ဆေးကြော ခွင့်လွတ်စေခြင်းငါ အလွန်နိမ့်ချသော စိတ်နှလုံးသားဖြင့် သခင်ခရစ်တော်ထံသွား၍ သူမ၏ မျက်ရည်ဖြင့် သခင်ခရစ်တော်ရဲ့ ခြေထောက်ကို ဆေးပြီး သူမရဲ့ဆံပင်ဖြင့်သုတ်ကာ သူမဆီမှာရှိတဲ့ အဖိုးတန် ဆီမွှေးကျောက်ဖြူဖြင့် သခင်ခရစ်တော်၏ ခြေထောက်ကိုလိမ်းပေးခြင်းဖြင့် သခင်ခရစ်တော်ထံ တိုးဝင်ချဉ်ကပ်ကာ သူမရဲ့ အလွန်ကြီးမားသော အပြစ်တွေကို ဝန်ချ တောင်းပန်ခဲ့ပါတယ်။ သခင်ယေရှု ကလည်းသူမရဲ့ အလွန်နိမ့်ချသော စိတ်နှလုံးနှင့် ခိုင်မာသော ယုံကြည်ခြင်းကို သိ၍အပြစ်တွေကို ဆေးကြော သန့်စင်ပေး ခဲ့ပါတယ်။
ကိုယ့်ရဲ့ကြီးမားသော အပြစ်တွေကို ခွင့်လွတ်ခြင်းခံရသောသူဟာ ဘယ်လောက်ထိ ဝမ်းမြောက် မိလိမ့်မယ်ဆိုတာကို စဉ်းစားကြည့်ပါ… သခင်းခရစတော် မတတ်နိုင်တဲ့အရာ မရှိပါဘူး.. ချစ်သောညီကို အပေါင်းတို့ … သခင်ခရစ်တော်ကို ယုံကြည်လက်ခံလိုက်ပြီဆိုရင် ကျနော်တို့ဟာ ထာဝရအသက်ကို ရရှိမှာဖြစ်ပါတယ်။ လူသားတွေကို အချစ်ဆုံးသောသူဟာ ဘုရား သခင်ဘဲဖြစ်ပါတယ်။
“ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။”
အားလုံးအပေါ်မှာ ဘုရားသခင်ထံမှ ပျော်ရွှင်ဝမ်းမြောက်ခြင်း ဆုကျေးဇူး ကိုလက်ခံရရှိပါစေ…
Today before you say unkind words to others. Think about people who can’t speak.
Today before you complain about life. Think about there are many people who went to Heaven so early.
So today thanks Him for every small thing and smile thing.
ရေး Marip Seng Lat
Shayi sha HKawn Mai a ta maka.. nam pan
ကိုအောင်အောင်
Sunday School ကလေးငယ်များမှ ဘုရားဂုဏ်တော်ချီးမွမ်း
Shayi Sha Me Dajan kaw na mahkawn shakawn
Tsawm la ai nam pan ...
Sara Kaba Seng Du kaw na du sa
shawa masha ni hpe kabu gara let hkalum.
ဘုရားဂုဏ်တော်ကို ချီးမွမ်း
သင်းထောက်ဦး ခွန်းမိုင်မှ ပြည့်စုံဆုတောင်း
ကိုယ်ခန္ဓာအတွက် အတူဆင်နွဲ..
Yawng jawm sha...
Grai mu ai...
Thank You Jesus for everything....
No comments:
Post a Comment