ဆရာကြီး ဦးဆိုင်ဒူ နှင့်အဖွဲ့များ စက်ရုံတစ်ရုံတွင် ဧဝံဂေလိသွား
ထာဝရအသက်ကိုဘယ်သူပေးနိုင်သလဲ..?
သားတော်ကိုရသောသူသည် ထာဝရအသက်ကို ရ၏။ ထာဝရဘုရား၏ သားတော်ကို မရသောသူမူကား ထာဝရအသက်ကိုမရကြ။ ချစ်သောမိတ်ဆွေ… လူသားတိုင်းဟာ တစ်နေ့မှာ သေခြင်းတရားနှင့် မကင်းလွှတ်နိုင်ပါ.. ချစ်သောမိတ်ဆွေ သင်သေပြီးနောက် ဘယ်ကိုသွားမှာလဲ… ? ဒီမေးခွန်းဟာ အင်မတန်စိတ်ဝင်စားစရာဖြစ်ပါတယ်။ ကျနော်တို့သွားမယ့် လမ်းဟာ နှစ်လမ်းပဲ ရှိပါတယ်။ (၁) ထာဝရ ငရဲပြည်သွားမယ်။ (၂) ထာဝရ ကောင်းကင်ဘုံ ဒီနှစ်ခုက လွဲပြီး တခြားမရှိတော့ပါ.. ဒါကိုမိတ်ဆွေအနေနဲ့ ကွဲကွဲပြားပြား သိထား၊ နားလည်ထားဖို့ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။
ကျတော်တို့ အားလုံးဟာ အပြစ်သားတွေဖြစ်ပါတယ်။ အပြစ်သားဖြစ်တဲ့အတွက်ကြောင့် အပယ်ငရဲမှ လွဲ၍သွားစရာမရှိပါ… ကျနော်တို့ ပြောတတ်ကြပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာ ခံရမယ်ဆိုတာဖြစ်တယ်။ ဒါကြောင့်လူသားတိုင်းဟာ အပြစ်နဲ့ မကင်းဝေးကြပါဘူး.. ဒါကြောင့်ဘုရားသခင်ဟာ သူ့ရဲ့ အချစ်ဆုံးသော တစ်ဦးတည်းသော သားတော်ကို စွန့်ကာ ကျနော်တို့အပြစ်သားတွေ အတွက် ပေးဆပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျတော်တို့ဟာ သခင်ယေရှုဖြင့်သာ ဘုရားသခင် နှင့်တဖန် တွေ့နိုင်ခွင့် ရရှိုခဲ့ခြင်းဖြစ်ပါတယ်။ ချစ်သောမိတ်ဆွေ အနေနဲ့ သခင်ယေရှုကို လက်ခံ ယုံကြည် လိုက်မယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်သော ထာဝရအသက်ကို ရရှိမှာဖြစ်ပါတယ်။ ရိုးရိုးလေးသာ လက်ခံယုံကြည်လိုက်ပါ.. ချစ်သောမိတ်ဆွေ… နောက်မကျသေးပါဘူး… အချိန်တွေမနှောင်းသေးခင်မှာ အဖထံ ပြန်လည့်လာပါ.. ကျနော်တို့ရဲ့ ဖန်ဆင်းရှင် ဘုရားသခင်ဟာ ကျနော်တို့ကို ကြိုဆိုလျှက် ရှိနေပါတယ်…
ဆရာမကြီး ဒေါ်ဆိုင်းရာ ကနေ တရား
ဒေသနာတော်ကို ဟောပြောနေစဉ်