ဂုဏ်ပြုထိုက်သော ဖခင်
ဆရာကြီး ဆိုင်းဒူ
ကမ္ဘာဦးကျမ်း - ၇း ၁ ၊ ၇း ၄ - ၅ ၊ ၁၂း ၁ - ၃
ယောဘဝတ္ထု - ၁း ၈
၁၈၉၀ ခုနှစ် U.S.A မှာ မိသားစု တစ်စုရှိခဲ့ပါတယ်။ သားသမီး ၆ ယောက် နှင့် မိဘ ၂ ပါး ၊ ပေါင်း မိသားစု ၈ ယောက်ရှိပါတယ်။ ယောက်ျားလေး ၅ ယောက်ဖြစ်ပြီး မိန်းကလေး တစ် ယောက်ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ အစောကြီးဆုံးသွားပါတယ်။ ဒါကြောင့် ဖခင်ဖြစ်သူဟာ မိခင် မေတ္တာ နှင့် ဖခင်မေတ္တာကို သားသမီးများအပေါ် တာဝန်မပျက်ခဲ့ပါဘူး။ တစ်ညသော ညသန်းခေါင်ယံအချိန်မှာ လေပြင်းမုန်တိုင်း အလွန်ပြင်းထန်တဲ့ အချိန်မှာ သားအငယ်ဆုံးဟာ အိပ်မက်ယောင်ပြီး အပြင်ကို တစ်ယောက်ထဲ ထွက်သွားခဲ့ပါတယ်။ အဲ့ဒါကို သိသွားတဲ့ ဖခင်ဖြစ်သူဟာ ချက်ချင်း ထသွားပြီး သူ့ရဲ့ သားကို အန္တရာယ် ကနေ ရအောင်ကာ ကွယ်စောင့်ရှောက်ခဲ့ပါတယ်။ သားအကြီးဆုံးဟာ သူချစ်ကြိုက်တဲ့ အမျိုးသမီးနှင့် လက်ထပ်ထိန်းမြား ခဲ့ပါတယ်။ သူ့ဇနီးဟာ သူ့အမျိုးသားရဲ့ ဖခင်၏ချစ်ချင်းမေတ္တာကို ခံစားလိုက်ရပါတယ်။ မိခင်မရှိတဲ့နောက်မှာ ဖခင်ဖြစ်သူဟာ မိခင်တာဝန် သာမကဘဲ ဖခင်ရဲ့ တာဝန်ကိုပါယူ၍ သားသမီးတွေကို စောင့်ရှောက်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာသွားတဲ့အချိန်မှာ ဖခင်ဖြစ်သူဟာလည်း ဆုံးသွားခဲ့ပါတယ်။
တစ်နေ့သော တနင်္ဂနွေ နေ့မှာ ဘုရားကျောင်းတွင် မိခင်များနေ့ ကျင်းပပြုလုပ်ပြီး တင်းအုပ်ဆရာဟာ မိခင်များဟာ ဘယ်လောက်ဂုဏ်ပြုထိုက်ကြောင်း တရားဒေတနာ ဟောခဲ့ပါတယ်။ ဒါကို ချွေးမဖြစ်သူ ဟာ အင်မတန်ခံစားပြီး ဘုရားကျောင်းပြီးတာနဲ့ တင်းအုပ်ဆရာစီသွားပြီးသူ့ ယောက္ခထီး အကြောင်းကို ပြောပြလိုက်ပြီး ဖခင်များနေ့ ကိုလည်းပဲ ပြုလုပ်ပေးပါရန် တောင်းဆိုခဲ့ပါတယ်။
ဆရာကြီး ဆိုင်းဒူ
၁၉၂၄ ခုနှစ် မှာတော့ အမေရိကန်တစ်နိုင်ငံလုံး ဇွန်လ ရဲ့ တတိယအပတ်ကို ဖခင်များနေ့ ဟုကြေငြာ လိုက်ပါတယ်။ UN ကနေလည်းပဲ ဇွန်လ ရဲ့တတိယပတ်ကိုဖခင်များနေ့ အဖြစ် တရားဝင် အဖြစ်ကမ္ဘာ အနံ့ကြေငြာလိုက်ပါတယ်။ ဒါကြောင့် အခုချိန်အထိ ဇွန်လ ရဲ့ တတိယအပတ်မှာ ဖခင်များနေ့ အဖြစ်ကမ္ဘာ တဝှမ်းပြုလုပ် ကျင်းပနေဆဲ ဖြစ်ပါတော့တယ်။
စံနမူနာယူထိုက်သော ဖခင်များဟာ အောက်ပါ အချက်သုံး ချက်နှင့် ပြည့်စုံရမှာဖြစ်ပါတယ်…
(၁) ဖခင်ဟူသည် ယုံကြည်ခြင်း ရှိရမယ်။
ကျမ်းစာထဲက.. နောဧ ၊ အေဗြာဟမ် ၊ မောရှေ့ တို့လို သံသယမရှိဘဲ ယုံကြည်ခြင်း ပြည့်ဝဖို့ အင်မတန်အရေးကြီးပါတယ်။
(၂) ဖခင်ဟူသည် ဘုရားသခင်၌ သစ္စာ ရှိရမည်။
ကျမ်းစာထဲက … ယောသပ် ဟာ ဘုရားသခင်ကိုသစ္စာ ရှိရှိနှင့် ယုံကြည်၍ နောက်ဆုံးမှာ အားလုံးလေးစား ရသော ရှင်ဘုရင်အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ သူ့အစ်ကိုများက ရောင်းစားခဲ့သော ယောသပ်ဟာ ဘုရားသခင်၌ သစ္စာ ရှိစွာ ယုံကြည်ခြင်း မပျက်ခဲ့ပါဘူး.. ဒါတွေဟာ စံနမူနာ ယူထိုက်သော အမှုအရာဖြစ်ပါတယ်။
(၃) ဖခင်ဟူသည် ဘုရားသခင် အလိုတော်နှင့် အညီ သားသမီးများကို သွန်သင်လမ်းပြ ကျွေးမွေး ပြုစု ပျိုးထောင် ရမှာဖြစ်ပါတယ်။
သုတ္တံကျမ်း - ၂၃း ၁၃ - ၁၄ မှာ ဖော်ပြထားတာကို မမေ့သင့်ပါ…
ဖခင်များနေ့တွင် တက်ရောက်သောဖခင်များ
ဖခင်တစ်ယောက်ဟာ ကိုယ့်သားသမီးတွေရဲ့ အနာဂတ် ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ရဲ့ တောက်ပသော အလင်းရောင်း ဖြစ်တယ်ဆိုတာကို ယခုဖြစ်နေတဲ့ ဖခင် သာမကဘဲ နောင်ဖြစ်လာမယ့် ဖခင်လောင်းများလည်း မမေ့သင့်ပါ။ ကျနော်တို့ ယုံကြည်ကိုးကွယ်နေတဲ့ ဘုရားသခင်ဟာ အသက်ရှင်တော်မူသော ထာဝရ ဘုရားဖြစ်တယ်ဆိုတာကို ဒွိဟသံသယ မရှိဘဲ ယုံကြည်ထားဖို့ လိုပါတယ်။ ဘုရားသခင်ကို ယုံကြည်ပြီး သခင်ယေရှု ကိုလက်ခံမယ်ဆိုရင် ထာဝရ အသက်ကို ရရှိမှာ ဖြစ်ပါတယ်… ချစ်သော မိတ်ဆွေ အပေါင်းတို့ နောက်မကျသေးခင် မှာ အမြန်ဆုံး နောင်တ ရပြီး ဖန်ဆင်းရှင်ထံ ပြန်လည့်လာဖို့ဟာ အရေးအကြီးဆုံးသော အမှုအရာ ဖြစ်ပါတယ်။ သခင်ယေရှု ဒုတိယ အကြိမ် ပြန်ကြွလာတဲ့အခါ လူသားအားလုံး ပျော်ပျော်ရွှင်ရွှင် နဲ့ကြိုဆိုနိုင်ဖို့ရန် ကျန်နော်တို့အားလုံး ပြင်ဆင်ကြပါစို့…. ။
စာရေးသူ Marip Seng Lat
No comments:
Post a Comment