ရှင်မာကု - ၂း ၃ - ၅ ၊ ၁၀ - ၁၂
ထိုအခါ လက်ခြေသေသောသူ တစ်ယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အထံတော်သို့ဆောင် ခဲ့ကြ၏။ လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်သဖြင့် ကိုယ်တော်ရှိရာအပေါ်မှ အမိုးကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျော့ချကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် ၊ လက်ခြေ သေသောသူအား၊ ငါ့သား သင်၏ အပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏။ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။ ကိုယ့်အိပ်ရာကို ဆောင်၍ ကိုယ့်အိမ်သို့သွားလော့ဟု သင့်အားငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။ ထိုသူသည်လည်း ချက်ခြင်းထ၍အိပ်ယာကိုဆောင်လျက် လူအပေါင်းတို့ ရှေ့မှ ထွက်သွား၏။ ထိုလူ အပေါင်းတို့သည် မိန်းမော တွေဝေခြင်းရှိ၍၊ ဤကဲ့သို့တခါမျှ မမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီမွမ်းကြ၏။
No comments:
Post a Comment